ဘားအံမြို့ဒေသထွက် ဘူးသီးဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ရေပေါ်ဈေး၌ ဘူးသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

           ဘူးသီးများကို ဘားအံမြို့အနီးတဝိုက် ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြတလို အကြော်ဆိုင်များတွင် အကြော်ကြော်၍ ရောင်းချကြသောကြောင့် စိုက်တောင်သူများအတွက် အပိုဝင်ငွေတိုးစေသည်။ ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချကြသည်။ ဘူးသီးအလုံးကြီး တစ်လုံးလျှင် (၅၀၀၀) ကျပ်နှင့် ဘူးသီးအလုံးငယ် တစ်လုံးလျှင် (၃၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယင်းဘူးသီးများသည် ဒေသထွက်ဘူးသီးများရှိသကဲ့သို့ အခြားမြို့များမှ ဝင်ရောက်လာခြင်းများလည်းရှိကြောင်း သိရပါသည်။

          ကရင်ပြည်နယ် ဘားအံမြို့အတွင်းဖြစ်ပေါ်နေသော  ဇူလိုင်လနောက်ဆုံးပတ်နှင့် ဩဂုတ်လ စတုတ္ထပတ်ဘူးသီးဈေးနှုန်း နှိုင်းယှဉ်မှုများအရ အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်ဈေးနှုန်း အနည်းငယ်မြင့်တက်နေသေ်လည်း ဘူးသီးဈေးနှုန်းမှာ တည်ငြိမ်ကာ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရသည်။

DOCA (ကရင်)