သရက်မြို့ပေါ်ရှိ ဝါးရုံမှို ဈေးကွက်အခြေအနေ

Powered by Drupal

    မြန်မာလူမျိုးတို့အတွက် ထမင်းမြိန်စေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုသည့် ဝါရုံမှိုများကို ဝါခေါင်၊ တော်သလင်းလများတွင် နှစ်စဉ်ပေါက်ရောက်လျက်ရှိပါသည်။ ဝါးရုံတော အတွင်းမှ ဝါးငုတ်အဟောင်း၊ အဆွေးများတွင် ပေါက်ရောက်လျက်ရှိရာ ဝါးရုံမှိုများကို အခြောက်လှန်းခြင်း၊ မှိုချဉ်ထည့်စားသုံးခြင်း၊ ဟင်းချက်စားသုံးခြင်းဟူ၍ အမျိုးမျိုးပြုလုပ်၍ ရောင်းဝယ် ဖောက်ကား စားသုံးလျက်ရှိကြပါသည်။

    သရက်မြို့နယ်ပတ်ဝန်းကျင်ကျေးရွာများမှ သရက်မြို့မဈေး၊ ဗိုလ်ချုပ်ဈေးနှင့် အခွန်လွတ် ဈေးများသို့ မိုးရာသီ ရာသီစာသီးနှံဖြစ်သော ဝါးရုံမှိုများ လာရောက်ရောင်းချလျက်ရှိရာ ပေါ်ဦး ပေါ်စတွင်  ဝါးရုံမှိုတစ်ဆယ်သား (၁၅၀ဝိ/-)နှုန်းဖြင့် ရောင်းချရပါကြောင်း၊ ယခုအခါဝါးရုံမှိုများ ပေါများစွာပေါက်လာသည့်အတွက် ဝါရုံမှိုနှစ်ဆယ့်ငါးကျပ်သားလျှင်(၁၅၀ဝိ/-)၊ ဝါးရုံမှိုနုတ်သီးများကို နှစ်ဆယ့်ငါးကျပ်သားလျှင်(၂၅၀ဝိ/-)နှုန်းဖြင့် ရောင်းချပါကြောင်း မှိုရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)