
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၈ ) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံနှင့် မုံရွာ၊ ပခုက္ကူ၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၄၅၀၀၀၀) ပိဿာဝင် ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှု ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၁၈၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၃၀၀၊ အကြီးမှာ ကျပ် ၁၆၀၀၊ ရှယ်မှာ ကျပ် ၁၇၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၆၅၀၊ မုံရွာ ကြက် သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၆၀၀၊ ရှယ်မှာ ကျပ် ၁၆၅၀၊ ပခုက္ကူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ ရွှေဘို ကြက်သွန်နီ(အသစ်) အသန့်မှာ တစ်ပိဿာ ကျပ် ၁၄၅၀ ၊ အကြီးမှာ ကျပ် ၁၈၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀ ဈေးတို့အသီးသီးရှိ ကြောင်း စုံစမ်းသိရှိရပါသည်။
၁၈.၈.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူ ကြက်သွန်နီဈေးနှုန်းမှာ ၁၄.၈.၂၀၂၅ ရက်နေ့ကအတိုင်း ဈေး တူညီနေပြီး မြင်းခြံ ၊ မုံရွာ၊ ပခုက္ကူ ကြက်သွန်နီဈေးနှုန်းများမှာ ၁၄.၈.၂၀၂၅ ရက်နေ့ကထက် ဈေးအနည်းငယ်ကျသွားကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)