စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချသည့်လုပ်ငန်းရှင်အား အသိပညာပေးခြင်း

Powered by Drupal

          (၁၈.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ(၃)ဦးတို့သည် Nautural Power Organic Fertillizer အွန်လိုင်းအမည်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အမှတ်(၉၄)၊ ကာယ(၅)လမ်း၊ မင်္ဂလာဒုံမြို့နယ်သို့ သွားရောက်၍ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းအွန်လိုင်းဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များအား ကုန်သွယ်ရေးဦးစီး ဌာနက eComreg System အသုံးပြုပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင် လက်မှတ်အား အသိပညာပေးကာလတစ်ခုအနေဖြင့် မြေပြင်စစ်ဆေးမှုမပြုဘဲ ထုတ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အမိန့်ကြော်ငြာစာ အမှတ်(၅၁/၂၀၂၃)နှင့်အညီ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးမှသာ ကုန်သွယ်ရေးဦးစီးဌာနမှ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်းနှင့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)