“ဂေါ်ရခါးသီးဈေးနှုန်းဈေးကွက်”

Powered by Drupal

              ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ ဂေါ်ရခါးသီးများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံရေဦးမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း၊ ဂေါ်ရခါးသီး သီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ ဂေါ်ရခါးသီးကို လူကြိုက်များသောကြောင့် ဝယ်လိုအားရှိကြောင်း၊ ယခုလက်ရှိ ဂေါ်ရခါးသီးဈေးနှုန်းအနေဖြင့် ယခင်လတွင် လက်ကားဈေး တစ်ပိဿာကို (၄၀၀၀/-) ကျပ်၊ ယခုလတွင် လက်ကားဈေး တစ်ပိဿာကို (၄၂၀၀-၄၃၀၀) ကျပ် ရှိကြောင်း၊ ယခင်လတွင် လက်လီဈေး တစ်ပိဿာလျှင် (၄၂၀၀-၄၃၀၀)ကျပ် ၊ ယခုလတွင် လက်လီဈေး တစ်ပိဿာလျှင် (၄၅၀၀-၄၆၀၀)ကျပ်၊ ယခင်လနှင့်နှိုင်းယှဉ်လျှင် ဂေါ်ရခါးသီး တစ်ပိဿာကို(၂၀၀-၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်ရောင်းချရကြောင်း၊  ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် အမျှင်ဓာတ်နှင့် ရေဓာတ်များစွာ ပါဝင်သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီဓာတ်တို့ ပါဝင်နေသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ စားသုံးပေးခြင်းဖြင့် မွေးရာပါချို့ယွင်းချက်ပါတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်းနှင့် ခန္ဓာကိုယ် သက်လုံကောင်းစေပြီး အမောခံနိုင်စေသောကြောင့် ဂေါ်ရခါးသီးကို အသားဟင်း ချက်ပြုတ်ရာတွင်လည်းကောင်း မုန့်နှစ်နှင့်ကြော်စားရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြုကြပါကြောင်း၊ ဂေါ်ရခါးသီးစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ရေသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)