မွန်ပြည်နယ်မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

     မွန်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးပြီးစီးနေကြပြီးဖြစ်ပါသည်။ မိုးစပါးများစိုက်ပျိုးကြရာတွင် ယခင်နှစ်က (၆၁၈၃၇၆) ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် (၆၅၉၆၅၈) ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် (၄၁၂၈၂) ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးသည့် မျိုးများမှာ ဆင်းသွယ်လတ်၊ ဆင်းသုခ၊ မနောသုခ၊ သီးထပ်ရင်၊ ဧည့်မထ(ကောင်း)၊ မှော်ဘီ-၂၊ ကျော်ဇေယျ၊ ဧရာမင်း၊ ရွှေဝါထွန်း၊ ရွှေတဆုပ်မျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

     ယခုအချိန်တွင် စပါးဈေးမှာ ပေါ်ဆန်း တင်း(၁၀၀) လျှင် ကျပ် (၁၁) သိန်း၊ ဧည့်မထစပါးမှာ တင်း (၁၀၀) လျှင် (၈) သိန်း ကျပ် ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)