မော်လမြိုင်ဘိလပ်မြေ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်

Powered by Drupal

      မော်လမြိုင်မြို့၌ ယခုစက်တင်ဘာလဒုတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေ သောဈေးမှာ ကြံ့နှစ်ကောင်(အနီ) ကျပ် ၉၆၀၀၊ ဆင်(ထိုင်း) ကျပ် ၁၄၅၀၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၉၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးမှာ သယ်ယူခနှုန်းထားမြင့်မားလာမှုကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး  အရောင်းအဝယ် အေးနေ ကြောင်းသိရှိရသည်။

     အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၅၃၄၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၅၇၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၄၈၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ် ၇၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ မာလာမြိုင်ဆိုက်ပါ၁၀%(100cc)ပုလင်း ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ၁၀%(500cc)ပုလင်း ကျပ်၁၂၀၀၀ ရှိခဲ့ပြီး ယခုပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၃၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၃၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၅၂၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ် ၈၀၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၃၀၀၀၊ မာလာမြိုင်ဆိုက်ပါ၁၀%(100cc)ပုလင်း ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ၁၀%(500cc)ပုလင်း ကျပ်၁၂၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)