မုံရွာမြို့တွင် ရောင်းချနေသော   ခရမ်းချဉ်သီးနှင့် ဂေါ်ရခါးညွန့်ဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ခရမ်းချဉ်သီးများနှင့် ဂေါ်ရခါး ညွန့်များ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  ခရမ်းချဉ်သီး သီးနှံသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ် ရရှိရန်နှင့် အခြားသီးနှံ၊ အသားများဖြင့် ရောသုပ်ခြင်း၊ ကြော်ခြင်း၊ ချက်ပြုတ်ခြင်းစသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်၍ စားသုံးကြပါသည်။ ဂေါ်ရခါးညွန့်များကိုလည် ရှမ်းပြည်နယ်မှ ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ မှာယူ၍ ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရှိ ရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတတိယအပတ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာ လျှင် (၃၅၀၀) ကျပ်၊ ဂေါ်ရခါးညွန့်(၂၅)ကျပ်သားလျှင် (၂၀၀၀)  ကျပ် ဖြင့် ရောင်းချ လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှသိရှိရပါသည်။

DOCA (စစ်ကိုင်း)