
နှမ်းဖက်ချဉ်ကို နှမ်းကိုကြိတ်၍သော်လည်းကောင်း၊ မြေပဲကိုကြိတ်၍သော်လည်းကောင်း ပြုလုပ်ကြသည်။ နှမ်းကိုကြိတ်၍ရလာသောနှမ်းဖက်သည်အမည်းရောင်ဖြစ်ပြီး မြေပဲကိုကြိတ်၍ရလာ သောနှမ်းဖက်သည်အဖြူရောင်ဖြစ်သောကြောင့် ပို၍ကောင်းသည်။ ရလာသောနှမ်းဖက်များကို မှိုမ တက်အောင် နေလှန်းရသည်။ နှမ်းဖက်ခဲများကိုဆားအနည်းငယ်နယ်ပြီး စဥ့်အိုးထဲထည့်ကာ လေလုံအောင်ပိတ်ထာရပါမည်။ (၄-၅)ရက်ခန့် ထားပါကနှမ်းဖက်များ ချဉ်လာမည်။ နှမ်းဖက်ချဉ်ပြုလုပ်ရာတွင် သန့်ရှင်းမှုကို အထူးဂရုပြူရန်လိုအပ်ပါသည်။ ယင်မ၀င်စေရန်သတိထားရမည်။ အရိပ်ရသော အေးမြသောနေရာတွင်ထားရမည်။ နှမ်းဖက်ချဉ်ကို အသုပ်များ၊ ဟင်းချိူများတွင် ထည့်သုံးနိုင်သည်။ နှမ်းဖက်ချဉ် အာဟာရဓာတ်ကြွယ်ဝပြီး မြန်မာ့ရိုးရာအစားအစာတစ်ခုအဖြစ် ထင်ရှားသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် နှမ်းဖက်ချဉ်ကို( ၅)ကျပ်သားလျှင်(၇၀၀)ကျပ်၊(၁၀)သားလျှင်( ၁၄၀၀ )ကျပ်၊ (၂၅)ကျပ်သားလျှင်( ၃၅၀၀) ကျပ်ဖြင့် ၀ယ်ယူနိုင်ပါသည်။
DOCA(မန္တလေး)