ဓနုဖြူမြို့ လိုတိုင်းရ သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၈.၉.၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် ဓနုဖြူမြို့ လိုတိုင်းရ သောက်ရေသန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

   ထိုသို့စစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးက အမှတ်(၁၇)ရပ်ကွက်ရှိ လိုတိုင်ရ သောက်ရေသန့် စက်ရုံသို့ သွားရောက်၍ စက်ရုံတာဝန်ရှိသူနှင့် တွေ့ဆုံကာ စက်ရုံလည်ပတ်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့် ကို စစ်ဆေးကြည့်ရှုခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း၊ ရေသန့်ဘူးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်စေရေး၊ စက်ရုံဝန်ထမ်းနှင့် စက်ရုံဝန်းအတွင်း/အပြင် သန့်ရှင်းမှုရှိစေရေး၊ ရေသန့်ဗူးခွံများအား စနစ်တကျဆေးကျောပြီး အသုံးပြုရေး၊ ဘေးအန္တရာယ်ကင်းရှင်းပြီး စားသုံးသူယုံကြည်စိတ်ချစွာသောက်သုံးခွင့်ရှိသည့်အထိ ကောင်းမွန်သောထုတ်လုပ်မှု စနစ်ဖြင့် စားသုံးသူ လက်ဝယ်ရောက် ရောင်းချနိုင်သည်အထိ ထုတ်လုပ်ရန် ပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)