
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းဖြစ်သော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိဆည်များမှ ဝင်ရောက်လျက်ရှိပြီး ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို ဒေသထွက်ကုန်တစ်ခုအနေဖြင့်ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို အသိမိတ်ဆွေများအား လက်ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်းဝယ် ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်ဈေးနှုန်းများမှာ ငါးရံ့ခြောက်(၁)ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၅၀)ကျပ် သားလျှင် (၃၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၂၅)ကျပ်သားလျှင် (၁၆၅၀၀)ကျပ်နှင့် ပုဇွန်ခြောက်အသေး (၁)ဘူးလျှင်(၃၅၀၀)ကျပ်၊ ပုဇွန်ခြောက်အသေး(၁)ပြည်လျှင်(၂၈၀၀၀)ကျပ်၊ ပုဇွန်ခြောက်အကြီး(၁) ဘူးလျှင်(၅၀၀၀)ကျပ်၊ ပုဇွန်ခြောက်အကြီး(၁)ပြည်လျှင်(၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)