ဒိုက်ဦးမြို့ ၊ ငါးလုပ်ငန်းဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ၊ ဒိုက်ဦးမြို့ ၊ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့် နှင့် ဝန်ထမ်းများသည် စက်တင်ဘာ (၅)ရက် နံနက်ပိုင်းတွင် ငါးလုပ်ငန်း ဦးစီးဌာန၌ ဖွင့်လှစ်သည့် အခြေခံ ငါးမွေးမြူရေးနှင့် ဆေးထိုးသားပေါက် သင်တန်းတွင် သင်တန်း သား/ သူ (၂၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှ စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်း အရာများဖြစ်သော စားသုံးသူအခွင့်အရေး (၈)ချက် ၊ စားသုံးသူ၏တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးပြီး သင်တန်းသားများမှ သိရှိလိုသည်များကို မေးမြန်းခဲ့၍ ပြန်လည် ဖြေကြားခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)