စစ်တွေမြို့၊ အ.မ.က(၁၄) မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

      ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် (၈-၉-၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် စစ်တွေမြို့၊ ရွှေပြားရပ်ကွက်ရှိ အ.မ.က(၁၄)မူလွန်ကျောင်းသို့ သွားရောက်ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၁၀၀)ဦးတို့ အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

      ထိုသို့ဟောပြောရာတွင် စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)က စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဉပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော် ပြပါပြီး ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ ဖော်ပြပါရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲကြရန်နှင့် ဆိုးဆေးများအလွန်အကျွံအသုံးပြုထားသော ချိုချဉ်များအား ဝယ်ယူစားသုံးခြင်း မပြုကြရန် အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)