ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများအတွက် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှ CMPအထည်ချုပ်လုပ်ငန်းများ၊သားရေလက်အိတ်လုပ်ငန်းနှင့် ခေါင်းစွပ်၊ ဆံပင်တုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြောင်း၊ တိုင်းဒေသကြီးအလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရ သည်။
အဆိုပါ လုပ်ငန်းများတွင် ပြည်ပနိုင်ငံသားများမှ ရာနှုန်းပြည့်လာရောက် ရင်းနှီးမြုပ်နှံလျှက်ရှိသော ပုသိမ်မြို့စက်မှုဇုံတွင် အထည်ချုပ်လုပ်ငန်း(၈)ခု၊ ပုသိမ်စက်မှုမြို့တော်စီမံကိန်းတွင် အထည်ချုပ်လုပ်ငန်း(၂)ခု၊ ပုသိမ်မြို့ တဲကြီးကုန်းရပ်ကွက်တွင် အထည်ချုပ်လုပ်ငန်း(၁)ခု၊ ကန်ကြီးထောင့် မြို့နယ်တွင် အထည်ချုပ်လုပ်ငန်း(၁)ခု၊ မအူပင်မြို့နယ်တွင်ခေါင်းအုံး၊ စောင်၊ အနွေးထည်၊ သားရေ လက်အိတ်လုပ်ငန်း(၃)ခု၊ ဒေးဒရဲမြို့နယ်တွင် အထည်ချုပ်လုပ်ငန်း(၁)ခုနှင့် ပြည်တွင်းရင်းနှီးမြုပ်နှံမှု့ပိုင် မအူပင်မြို့နှင့် ဓနုဖြူမြို့နယ်များတွင် ခေါင်းစွပ်၊ ဆံပင်တု လုပ်ငန်း (၂)ခု၊ CMP/ CMP တစ်ဆင့် ခံစက်ရုံ ၊ အလုပ်ရုံ စုစုပေါင်း(၁၈)ခုဖြင့် ကျား-၁၁၆၁ဦး၊ မ- ၁၄၅၉၇ ဦး စုစုပေါင်း ၁၅၇၅၈-ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း အဆိုပါရုံးမှ သိရပါသည်။
DOCA(ဧရာဝတီ)