
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ဆန်စက်များ စပါးကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေအား ဩဂုတ်လ(၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကော့မှူးမြို့နယ်ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဆန်စပါးကြိတ်ခွဲထုတ် လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်စက်ပိုင်ရှင်လုပ်ငန်းရှင်များ၊ နဝလီကြိတ်ခွဲ ထုတ်လုပ်ဖြန့် ဖြူးရောင်းချလျက်ရှိသော ဆန်၊ စပါးကုန်သည်များနှင့် တွေ့ဆုံကာ ဆန်စက်၏ထုတ်လုပ်မှုစွမ်း အား(တန်)၊ ဆန်စက်အနေဖြင့် တစ်နှစ်ထုတ်လုပ်နိုင်မှု(တန်)၊ တစ်နှစ်ကြိတ်ခွဲနိုင်မှုစပါး(တင်း)၊ ဆန်စက်လုပ်ငန်းအရွယ်အစားတို့အား စာရင်းကောက်ယူခဲ့ပြီး ဆန်စက်များတွင် စပါးရရှိမှုအခြေအနေနှင့် ဆန်စပါးလက်ကျန်အခြေအနေများ၊ ဆန်သိုလှောင်ထားရှိမှုနှင့် ဆန်နှင့် ဆန်ထွက် ပစ္စည်းဖြန့်ဖြူးရောင်းချနေမှု စီးဝင်/ စီးထွက်အခြေအနေတို့အား စာရင်းကောက်ယူကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)