မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း မြှင့်တက်လျက်ရှိ

Powered by Drupal

      မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းပါသည်။

     ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်မဟုတ်သည့်အတွက် ဒေသတွင်း ထွက်ကုန် မရှိသောကြောင့် ရှမ်းပြည်နယ်မှ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျှက်ရှိကြောင်းသိရပါသည်။ ဈေးကွက်အတွင်း ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင် ရောက်လျက်ရှိပြီး မုံရွာမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ စက်တင်ဘာလ ပထမအပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၀၀၀-၂၂၀၀ မှ စက်တင်ဘာလ ဒုတိယ  အပတ်တွင် ကျပ် ၃၀၀၀-၃၂၀၀ အထိ ဈေးနှုန်းမြှင့်တက်လျက်ရှိပြီး ဈေနှုန်းမြှင့်တက်ရခြင်းမှာ ဒေသတွင်းစိုက်ပျိုးမှု ထွက်ကုန်မရှိသေးခြင်း၊ ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီး များဝယ်ယူရောင်းချရာတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် သယ်ယူစရိတ်မြှင့်မားလာ ခြင်းဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)