
နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ တောင်သူထံတွင်ရောင်းချနေသော ပြောင်းဖူး ဈေးနှုန်း များမှာ ပြောင်းဖူးပေါ်ချိန် ဖြစ်သောကြောင့် ပြောင်းဖူးများသည် အနည်းငယ်ပေါများ နေပါသည်။ ၂၀၂၅ခုနှစ်ဩဂုတ်လ တတိယပတ်တွင် နတ်တလင်းမြို့မဈေးကွက်အတွင်း ပြောင်းဖူး (၁)ဖူးလျှင် လက်ကားဈေး (၄၀၀)ကျပ်မှ (၅၀၀)ကျပ်ဈေးဖြင့် လည်းကောင်း လက်လီ တစ်ဖူးမှာ (၇၀၀)ကျပ်နှုန်းဖြင့် ရောင်းခနေကြောင်းသိရပါသည်။ ပြောင်းဖူးသည် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါသည်။ ပြောင်းဖူးကို အဖူးလိုက်ပြုတ်စားလို့ရသလို၊ အစေ့ကိုခြွေပြီး တော့ပြုတ်စား လဲရပါသည်။ ပြောင်းဖူးကိုထောင်းပြီးတော့လည်း ကြော်စားလို့ရပါသည်။ ကျန်းမာရေးအနေ ဖြင့်ကောင်းကျိုးများ ကတော့ ဗီတာမင် B 12 ၊ သံဓာတ်၊ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာ ပါဝင်နေသောကြောင့် ပြောင်းဖူးစားပေးတာက သွေးအားနည်ရောဂါကို ကာကွယ်ပြီး သားဖြစ်စေပါသည်။ သွေးတွင်းကို လက်စထရော ကျဆင်းစေပါသည်။ ပရိုတင်းဓာတ်ကြွယ်ဝခြင်း ပြောင်းဖူးတွင် Protein (အသားဓာတ်)ကြွယ်ဝစွာ ပါဝင်တာမို့ ကြွက်သားတွေကိုသန်မာစေပြီး နေ့စဉ်ခွန်အားပြည့်ဝစေမှာ ဖြစ်ပါသည်။ထို့ကြောင့် ပြောင်းဖူးသည် လူတိုင်းအတွက် စားသုံးလို့ရသောသီးနှံ တစ်မျိုး လည်းဖြစ် ကြောင်းသိရပါသည်။
DOCA(ပဲခူး)