
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် နတ်တလင်း ခရိုင်တာဝန်ခံ၊ မြို့နယ်တာဝန်ခံနှင့် ထုတ်လုံဌာနခွဲတာဝန်ခံတို့သည် (၂၀.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် နတ်တလင်းမြို့၊သီရိမြိုင်(၁)လမ်းရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် Aye Than dar Mon အထည်အလိပ်ရောင်းဝယ်ရေးလုပ်ငန်းရှင် အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှေက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိ ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)