Main menu

နတ်တလင်းမြို့တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် နတ်တလင်း ခရိုင်တာဝန်ခံ၊ မြို့နယ်တာဝန်ခံနှင့် ထုတ်လုံဌာနခွဲတာဝန်ခံတို့သည် (၂၀.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် နတ်တလင်းမြို့၊သီရိမြိုင်(၁)လမ်းရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် Aye Than dar  Mon အထည်အလိပ်ရောင်းဝယ်ရေးလုပ်ငန်းရှင် အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် အချက်အလက်များနှင့်  ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှေက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိ ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)