“ကုန်အညွှန်းအမှတ်အသားပြည့်စုံရေး ရွှေညာမွန်စာကလေးခွေကြော် လုပ်ငန်းအား ကွင်းဆင်းစိစစ်”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရွှေညာမွန် စာကလေးခွေကြော် လုပ်ငန်းအား ဩဂုတ်လ (၂၅) ရက်နေ့တွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်နှင့် ကုန်အညွန်းအမှတ်တံဆိပ်များ ပြည့်စုံစွာ ပါဝင်မှုရှိစေရေး (Pre Market) စျေးကွက် မ‌ရောက်မီစောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို မြစ်သားမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင်  ရွှေညာမွန် စာကလေးခွေကြော်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်သွားရန် ကုန်ကြမ်းများ စနစ်တကျသိုလှောင်သိမ်းဆည်းရန် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)အရ စီးပွားရေးလုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ပြည့်စုံစွာ ဖော်ပြထားရှိရန်နှင့်လုပ်ငန်းရှင်မှ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရန်အလေးထားဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၀) အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)