နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

            နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ်၊ 95 Octanceတွင်(၃၅)ကျပ်များတက်ခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့်ပရီမီယမ် ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)