ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

             ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၁၀၀)ကျပ်၊ 95 Octance(၃၁၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၂၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၃၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

             စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ်၊ 95 Octanceတွင်(၃၅)ကျပ်များတက်ခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့် ပရီမီ ယမ်ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)