
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို စီးပွားရေးလုပ်ငန်းများ အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများအတွက် ဆက်သွယ်ဝယ်ယူနိုင်ရေး လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၁-၈-၂၀၂၅ ရက်နေ့တွင် မြင်းခြံမြို့၊အမှတ်(၇)ရပ်ကွက်ရှိ 24 Hour စားသောက်ဆိုင် လုပ်ငန်းရှင်မှ စက်မှုလုပ်ငန်းသုံးဆီ လာရောက်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
စားသုံးသူရေးရာဌာနခွဲတာဝန်ခံက အစားအသောက်ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူများအတွက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များကိုသာရောင်းချစေရေး၊ စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးတို့ကို အထူးအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စားဖိုဆောင်တွင် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်တွင် ထည့်သွင်းသည့် ပါဝင်ပစ္စည်းများ သန့်ရှင်းမှုရှိစေရေး၊ စားသောက်ဆိုင်မှ သုံးစွဲပြီးအမှိုက်များအား အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ရန်၊ ဆိုင်ဝန်ထမ်းအားလုံး တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေးထားရန်၊ ရောင်းချသည့် စားဖွယ်ရာများအားလုံးကို ဈေးနှုန်းများကပ်ပေးခြင်းဖြင့် ကြိုတင်ဖတ်ရှု့ သိရှိနိုင်စေရေးဆောင်ရွက်ပေးရန်တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)