
စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) ဦးဆောင်၍ ( ၂၁.၈.၂၀၂၅ ) ရက်နေ့တွင် တာဟန်းရပ်ကွက်အတွင်း တည်ရှိသည့် သောက်ရေသန့် စက်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
New Life သောက်ရေသန့်စက်ရုံမှ ထုတ်လုပ်ရောင်းချနေသည့် ၂၀ လီတာ သောက်ရေသန့် ဗူးများပေါ်တွင် “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလဲသန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သန့်ရှင်းသပ်ရပ်စွာထားသိုရန်၊ ရေများအိုင်မနေစေရန်နှင့် ထုတ်လုပ်မှုအဆင့်တိုင်းစနစ်တကျရှိစေရန်၊ သက်ဆိုင်ရာ ဌာနများ၏ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းများ ဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)