​​​​​​​ ကန့်ဘလူမြို့မဈေးတွင်  ဆီတို့ဟူးသေတ္ထာနှင့် ဆီတို့ထုတ်ဟူးဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျှက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဆီတို့ဟူးလက်လီ(၁)သေတ္တာလျှင် (၄၅၀၀)ကျပ်၊ လက္ကား(၁) သေတ္တာလျှင် (၄၂၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် (၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ထမင်းဝိုင်းများတွင် ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြကြောင်း၊ ဆီတို့ဟူးသည် မည်သည့်ဟင်းလျာ ဖြင့်ဖြစ်စေ တွဲဖက်စား၍ရသည့် အရန်ဟင်းတခွက်ဖြစ်ပြီး ခံတွင်းမြိန်စေကြောင်း၊ ဆီတို့ဟူကို ကျေးလက်နေပြည်သူများက ဝယ်ယူစားသုံးကြသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)