ကလေးမြို့ပေါ်ရှိ ရှောက်ပန်းသီးနှင့် ဂွေးသီး ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ဆည်တော်ဦး၊ ကျောင်းတိုက်၊ သာစည်ကျေးရွာများမှ ထွက်ရှိသည့် ရှောက်ပန်းသီးနှင့် ဂွေးသီးစိမ်းများ အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ မိမိတို့ ခြံများမှ ထွက်ရှိသည့် အသီးအနှံများကို မြို့ပေါ်တွင် ရောင်းချလျက်ရှိသည့် သစ်သီးဆိုင်များသို့ ဖောက်သည်သွင်းကာ နှစ်စဉ်ရောင်းချလျက် ကလေးမြို့ပေါ်တွင် ရောင်းချနေသည့် သစ်သီးဆိုင်များတွင် ရောင်းချသည့် လက်လီဈေးနှုန်းများအနေဖြင့် ရှောက်ပန်းသီးတစ်လုံးလျင်( ၂၀၀၀ ) ကျပ်၊ ဂွေးသီး ( ၆ ) လုံးလျင် ( ၁၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)