
ကျွန်းလှမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ကြရာတွင် နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ကံကော်ပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရောင်းချကြပါသည်။ ကံကော်ပန်းသည် ဘူရားပန်းကပ်လှူရန်အတွက်သာ အသုံးပြုကြသည်မဟုတ်ပဲ ယတြာချေရာတွင်လည်းကောင်း အမျိုးသမီးထုများ ဦးခေါင်းတွင် အလှပန်ဆင်ရန်အတွက်လည်းကောင်း အသုံးပြုကြပြီး ကံကော်ပန်း၏ ရနံ့သည်မွှေးကြိုင်နေသော အဆင်းအနံ့ရှိသည့်အတွက် လူတိုင်းကကြိုက်နှစ်သက်ကြပြီး ရောင်းကောင်းသည့် ပန်းတစ်မျိုးလည်းဖြစ်ပါသည်။ ကံကော်ပန်းများကို မိမိတို့ဒေသတွင်းထွက်ရှိသည်များကိုသာ ဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ကံကော်ပန်းဈေးနှုန်းအနေဖြင့် ကံကော်ပန်း(၅)ခက်ပါ တစ်စီး လျှင်(၂၀၀၀)ကျပ်၊ (၁၀)စီးတစ်ထုံးလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း ကံကော်ပန်း အပွင့် (၅/၇)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး(၃)ကုံး ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)