မကွေးမြို့နယ်၊ ပုထိုးစမ်းကျေးရွာ၌ မိုးမြေပဲဈေးကောင်းရလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ပုထိုးစမ်းကျေးရွာအုပ်စုရှိ မကြီးကန်ကျေးရွာတွင် ပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ မြေပဲစသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ပုထိုးစမ်းကျေးရွာနေတောင်သူတစ်ဦးက ၎င်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မေလတွင် မိုးမြေပဲ ဗီယက်နမ်(လုံးဆံဖြူ)မျိုးကို(၃)ဧကခန့်စိုက်ပျိုးခဲ့ပြီး ဩဂုတ်လ(ပထမပတ်)တွင် စတင်တူးဖော်ခဲ့ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၁၀၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် (၁)ဧကလျှင် (၈၀)တင်းခန့်ထွက်ရှိပြီး၊ ဈေးနှုန်းအနေဖြင့် ယခင်နှစ်က (၁)တင်းလျှင် ကျပ် (၂၀၀၀၀)ခန့် ရရှိခဲ့သော်လည်း ယခုနှစ်တွင်မူ(၁)တင်းလျှင် ကျပ်(၂၃၅၀၀)ခန့် ရရှိကာ အကျိုးအမြတ် အနေဖြင့် ကျပ်(၈၈၀၀၀၀)ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချကြောင်း သိရသည်။ ယခုနှစ်တွင် ပုထိုးစမ်းကျေးရွာ၌  ယခင်နှစ်ကထက် မိုးမြေပဲ အထွက်နှုန်း လျော့ကျသော်လည်း ဈေးကောင်းရရှိသောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)