
မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်း များကို ရောင်းချလျက်ရှိရာ ယခုအခါ ဒေသထွက် ညောင်ရွက်များနှင့် ဟင်းနုနွယ်ရွက်များကို လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ညောင်ရွက်သည် ရာသီပေါ်သီးနှံဖြစ်ပြီး မြန်မာ ထမင်းဝိုင်းတွင် ထမင်းမြိန်စေသည့် အရွက်တစ်မျိုးလဲဖြစ်ပါသည်။ ညောင်ရွက်နှင့် ဟင်းနုနွယ် ရွက်ကို မြေပဲဆံ၊ ပဲမှုံ့တို့ဖြင့်သုပ်၍သော်လည်းကောင်း ငပိရည်ဖြင့်တို့စား၍သော်လည်းကောင်း စားသုံးကြ၍ လူကြိုက်များသည့် အရွက်မျိုးဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် ရောင်းချ နေသည့် ညောင်ရွက်ဈေးနှုန်းမှာ ညောင်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၉၀၀)ကျပ်၊ ညောင်ရွက်ပြုတ် (၁)ပိဿာလျှင် (၈၅၀၀)ကျပ်၊ ဟင်းနုနွယ်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ် ၊ ဟင်းနုနွယ်ရွက်ပြု (၁)ပိဿာလျှင် (၇၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ ကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)