ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် နာနတ်သီးများ လှိုင်လှိုင်ရောင်းသွက်နေ

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်  ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် နာနတ်သီးများ ဇွန်လနောက်ဆုံးပတ်မှ စ၍ သီပေါနာနတ်သီးများ လှိုင်လှိုင်ထွက်ပေါ်လာပြီး ဈေးကွက် အတွင်းတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

         ပုသိမ်မြို့ တစ်ရက်လျှင် နာနတ်သီး ကား ၃ စီးမှ ၅ စီးအထိ ဝင်ရောက်နေပြီး တစ်စီးလျှင် နာနတ်သီး အလုံးရေ ၅၀၀၀ ကျော်ပါရှိကြောင်း သိရသည်။ နာနတ်သီး ဈေးနှုန်းများမှာ  အလုံးကြီးတစ်လုံးလျှင် ၃၅၀၀  ကျပ်၊ အလတ်တစ်လုံးလျှင် ၃၀၀၀ ကျပ်၊ အသေး တစ်လုံးလျှင် ၂၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး  အရောင်းအဝယ်သွက်နေကြောင်း သိရသည်။

 

(DOCA ဧရာဝတီ)