
မအူပင်မြို့နယ်တွင် ဟင်းသီးဟင်းရွက် အမျိုးမျိုး စိုက်ပျိုးကြပြီး ပဲတောင့်ရှည်သီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။ ဒေသပဲတောင့်ရှည် ကို ခြံမြေများတွင်လည်းကောင်း၊ လယ်မြေများတွင်လည်းကောင်း စိုက်ပျိုးကြပြီး စျေးကောင်းရရှိသဖြင့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
မအူပင်ဈေးကွက်အတွင်း ပဲတောင့်ရှည် ရောင်းချနေမှု ဈေးနှုန်းမှာ ၁၀တောင့် တစ်စီးကို ၈၀၀နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဈေးကောင်းမွန်နေသည်။ ဧ၌ြီစိုက်ပျိုးထွက်ရှိသော ပဲတောင့်စီးဈေးမှာ ၁၀တောင့်တစ်စီးလျှင် ၅၀၀ကျပ်သာ ရောင်းချနေရပြီး ယခု ဩဂုတ်လနှင့် စက်တင်ဘာလ ၂ရက်နေ့တွင် ပဲတောင့်ရှည် ဈေးကောင်းမွန်နေပြီး အတောင့် ၁၀၀ပါ ၁စီးလျှင် ၈၀၀၀ကျပ်ထိ အရောင်းအဝယ်ဖြစ်နေသည်။ ပဲသီးကို စိုက်ပျိုးသူများပြားကြပြီး မအူပင်ဒေ သတွင်းတွင် နွေ။ မိုး၊ ဆောင်း စိုက်ပျိုးထွက်ရှိနေ၍ စိုက်ပျိုးသူများ ဈေးကောင်းမွန်ခြင်းကြေင့် အပိုဝင်ငွေရရှိနေကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။
ပဲတောင့်ရှည်သီးနှံသည် နေ့စဉ်စားသုံးနေကြဟင်းလျာထဲမှ အရံဟင်းတစ်မျိုးဖြစ်သည်။ စားသောက်ဆိုင်များ တွင်လည်း ပဲတောင်ရှည်အကြော်မျိုးလုပ်၍ ရောင်းချသလို၊ အချိုကဆိုလျှင် အစိမ်းလိုက်စားချင်းမျိုးလဲ ရှိသည်။ မုန့်ဟင်းခါး ပွဲတွင်လည်း ပါးပါးလှီးကာ ထည့်၍ စားတက်ကြသေးသည်။ ပဲတောင့်ရှည်စားခြင်းဖြင့် ဗီတာမင်၊ သတ္ထုဓါတ်များ ကြွယ်ဝစွာပါဝင်၍ စားသုံးသင့်ပါသည်။
DOCA(ဧရာဝတီ)