
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထ တစ်ပြည်လျှင် ကျပ်၂၅၀၀ မှ ၂၈၀၀ ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၄၀၀ မှ ၃၅၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ထိလည်း ကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၆၁၀ မှ ၆၈၁၀ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၆၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၅၀၀ မှ ၇၀၀၊ ချည်ပေါင်ရွက် တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၅၀၀ မှ ၇၀၀၊ ကိုက်လန်တစ်စီး ကျပ် ၁၅၀၀ မှ ၁၈၀၀၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၃၀၀၀ မှ ၃၅၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၃၅၀၀ မှ ၄၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၆၀၀၀ မှ ၈၀၀၀၊ ဗူးသီးတစ်လုံး ကျပ် ၂၀၀၀ မှ ၃၅၀၊ အာလူး(တရုတ်)တစ်ပိဿာ ကျပ် ၅၅၀၀ မှ ၆၅၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၀၀၀ မှ ၂၅၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၃၅၀၀၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၉၀၀၀၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ဆိတ်သားတစ် ပိဿာလျှင် ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၂၂၀၀၀ မှ ၂၅၀၀၀၊ ပုဇွန်ထုပ်သေး တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ ၊ငါးခူတစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀၊ ငါးရံ့တစ်ပိဿာ ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀ တို့ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၃၆၅၊ ဘဲဥတစ်လုံး ကျပ် ၅၀၀ မှ ၆၀၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)