မြိတ်ဒေသထွက် ကမ်းဇော်ဆီစျေးနှုန်းစျေးကွက်

Powered by Drupal

        ကမ်းဇော်ပင်သည် နှစ်တရာကျော်အထိရှင်သန်နိုင်သော နှစ်ရှည်ပင်ကြီးဖြစ်ပြီး အဓိကအားဖြင့် အ‌ရှေ့တောင်အာရှနိုင်ငံများဖြစ်သော နီပေါ၊      ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံများတွင် အများဆုံးတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် မြေနိမ့်ချိုင့်ဝှမ်းဒေသများနှင့် ရွံ့နွံပေါများ၍ ရေရရှိသောဒေသများဖြစ်သည့် တနင်္သာရီတိုင်း‌ဒေသကြီးတို့တွင် သဘာ၀အ လျောက်ကျယ်ကျယ်ပြန့်ပြန့်ပေါက်ရောက်လျက်ရှိပါသည်။ ကမ်းဇော်စေ့များသည် နွေရာသီဖြစ်သော မတ်လနှင့် ဧပြီလတို့တွင် အဓိကထွက်ရှိပါသည်။

        ကမ်းဇော်ပင်သည် ဆီထွက်သီးနှံပင်တစ်မျိုးဖြစ်သော်လည်း အလွန်ဆေးဖက်ဝင်သော ကြောင့် ကမ်းဇော်စေ့နှင့် ကမ်းဇော်ဆီများသည် စျေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်ဒေသတွင် ရောင်းချလျက်ရှိသော ကမ်းဇော်ဆီစျေးနှုန်းများမှာ ၂၅ကျပ်သား တစ်ဗူးလျှင် ၁၂၀၀၀၀ကျပ်နှင့် ၅၀ကျပ်သားတစ်ဗူးလျှင် ၂၄၀၀၀၀ကျပ် အထိစျေး ရရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)