“စဉ့်ကိုင်မြို့နယ်တွင် နေကြာများ ဖြိုင်ဖြိုင်ရိတ်သိမ်း”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊  စဉ့်ကိုင်မြို့နယ်တွင် နေကြာ(မိုး) စိုက်ဧက (၂၈၆၀)ဧက စိုက်ပျိုးထားရှိပြီး (၁၇၀၃)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ နေကြာ(မိုး) စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်(၄၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ နေကြာ(မိုး)ကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် နေကြာများဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ ယခုလက်ရှိ ပေါက်စျေးအနေဖြင့်နေကြာ တစ်တင်း လျှင်(၅၂၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  ၊ အထွက်နှုန်းအနေဖြင့် (၂၀-၂၅)တင်းခန့်ထွက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၆၅၀၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း ၊ နေကြာ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)