
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်းစိုက်ပျိုးလျက်ရှိရာ ခရိုင်အတွင်းထွက်ရှိသော ငရုတ်ကို အမှည့် အစိုများအား အခြောက်ခံ၍ ပိဿာ၊တင်းဖြင့် ရောင်းချလျက်ရှိကြောင်း ၊ ငရုတ်သီးအစိမ်းအနေဖြင့် ရောင်းချမှုမရှိကြောင်း ၊ စျေးကွက်အတွင်း စားသုံးသူများအတွက် ငရုတ်သီးအစိမ်းများဝင်ရောက် လျက်ရှိရာ အောင်ပန်းဒေသမှအများဆုံးဝင်ရောက်လျှက်ရှိကြောင်း ၊ ဝင်ရောက်သော ငရုတ်သီးစိမ်း အမျိုးအစားများမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုးငရုတ် ၊ ငရုတ်ရှည် နှင့် ငရုတ်ပွသီးများဖြစ်ပြီး ငရုတ်သီးအစိမ်းကို (၁)ရက် ပိဿာ(၅၀၀ မှ ၁၀၀၀)ကျော်အထိ စျေးကွက်အတွင်းသို့ ဝင်ရောက် လျက်ရှိကြောင်း ၊ လျှာဂျွန်းထိုး ငရုတ်သီး အစိမ်း(လက်ကား) (၁)ပိဿာလျှင် (၃၅၀၀/-)ကျပ် လက်လီ(၁)ပိဿာလျှင် (၄၅၀၀/-)ကျပ် ၊ ကုလားအော်ငရုတ်သီးအစိမ်း(လက်ကား) (၁)ပိဿာလျှင် (၆၀၀၀/-)ကျပ် ၊ လက်လီ (၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ် ၊ ငရုတ်ပွသီးအစိမ်း (လက်ကား) (၁)ပိဿာလျှင်(၆၀၀၀/-)ကျပ် ၊ လက်လီ(၁)ပိဿာလျှင်(၈၀၀၀/-)ကျပ် ၊ ငရုတ်ရှည်သီးအစိမ်း (လက်ကား) (၁)ပိဿာလျှင် (၅၅၀၀/-)ကျပ် ၊ လက်လီ(၁)ပိဿာလျှင်(၈၀၀၀/-)ကျပ် ဖြင့် ရောင်းချလျှက်ရှိကြောင်း ၊ စားသုံးသူများမှာ ငရုတ်သီးအစိမ်း သီးနှံကို ပိုမိုစားသုံးကြသဖြင့် အရောင်းသွက်ကြောင်း၊ငရုတ်သီးအစိမ်းရောင်းချသော စျေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)