သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးတာကကျန်းမာရေးအတွက် နေထိုင်မှုပုံစံကို ပြောင်းလဲပေးနိုင်သောကြောင့် လူတို့သည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများကို စားသုံးသင့် ကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမှထွက်ရှိသော အာလူးသီးများ ကျောက်ဆည်ခရိုင် အတွင်းသို့ ဝင်ရောက်လျှက်ရှိပြီး စားသုံးသူပြည်သူများ အလွန်ကြိုက်နှစ်သက်ကြပါသည် ။ အာလူး သီးနှံတွင် ဗီတာမင် C ပါဝင်သောကြောင့် အရေပြားကျန်းမာစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင် ကြောင်း ကျန်းမာရေးစာစောင်များမှ လေ့လာဖတ်ရှုရပါသည် ။ သြဂုတ်လ နောက်ဆုံးပတ်တွင် အာလူးစျေးနှုန်းမှာလက်ကားတစ်ပိဿာလျှင်(၃၅၀၀/-)ကျပ်၊လက်လီတစ်ပိဿာလျှင်(၄၀၀၀/-)ကျပ် တို့ဖြင့် အရောင်းဝယ်ခဲ့ပြီး စက်တင်ဘာလ ပထမပတ်တွင် အာလူးစျေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင်(၄၀၀၀/-)ကျပ် ၊ လက်လီတစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ်တို့ဖြင့် စျေးနှုန်းများ မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အာလူးရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မန္တလေး)