မြင်းခြံမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

      စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၉-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၀)ကျပ်၊ 95 Octance(၃၁၄၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

      မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၉)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများ အနေဖြင့် 92 Octance(၃၀၉၀)ကျပ်၊ 95 Octance(၃၁၈၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ်၊ 95 Octanceတွင်(၃၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ရိုးရိုးဒီဇယ်တွင်ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ပရီမီယမ်ဒီဇယ်တွင်(၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။     

DOCA(မန္တလေး)