
သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်း ဒေသကြီးအတွင်း သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း သခွားမွှေးသီးစျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊အလုံး(ရှည်) ၃၀၀၀ကျပ်နှင့် ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊ မန္တလေးစျေးကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)