
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ပဲစိမ်းကြော် ထုတ်များကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ ပထမပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေသော ပဲစိမ်းကြော်ထုတ် ဈေးနှုန်းအနေဖြင့် ပဲစိမ်းကြော် တစ်ထုတ် လျှင်(၇၀၀)ကျပ်၊ (၃)ထုတ်လျှင်(၂၀၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၆၈၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲစိမ်းကြော်များကို ရေဦးမြို့ နှင့် ပြင်ဦးလွင်မြို့(၂၁)မိုင်တို့မှ မှာယူရောင်းချကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)