
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး တို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးများကို စိုက်ပျိုးကြပြီးသစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါသည်။
၂၀၂၅ခုနစ်၊ စက်တင်ဘာလ ပထမအပတ်တွင် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး ဈေးနှုန်း အနေဖြင့် ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင် လက်လီဈေး(၇၀၀)ကျပ်၊ အလတ် တစ်တောင့်လျှင် လက်လီ ဈေး(၅၀၀)ကျပ် နှင့် အသေး တစ်တောင့်လျှင် လက်လီဈေး(၃၅၀)ကျပ်၊ ငွေကျပ် (၁၀၀၀)ဖိုး လျှင်(၃)တောင့် တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ သခွားသီး ဈေးနှုန်း အနေဖြင့် ဒေသထွက် ရိုးရိုး ဗမာသခွားသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ် နှင့် အသေးတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)