ရွှေဘိုပေါ်ဆန်း ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

Powered by Drupal

         ရွှေဘိုခရိုင်အတွင်း ဩဂုတ်လ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်း စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဩဂုတ်လ တတိယပတ် အတွင်း ရွှေဘိုပေါ်ဆန်းဆန်စီးထွက်မှုမှာ ရန်ကုန်သို့ (၆၄၃၄၃)အိတ်၊ မန္တလေးသို့ (၁၁၅၇၁) အိတ်၊ကျောက်ပန်းတောင်းမြို့သို့ (၅၂၅)အိတ်၊ မိတ္ထီလာမြို့သို့ (၂၃၀)အိတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းသို့ (၇၀၀၁)အိတ်၊မူဆယ်သို့(၁၈၀)အိတ်၊ နေပြည်တော်သို့ (၁၃၁၀)အိတ်၊ပဲခူးသို့ (၆၀၅၀)အိတ်၊ ပြည်မြို့သို့ (၅၅၅)အိတ်၊ တောင်ငူသို့ (၁၃၀၅)အိတ်၊ ကရင်ပြည်နယ် ဘားအံသို့(၃၀၆၀)အိတ်၊ ကချင် ပြည်နယ်သို့ (၃၆၀)အိတ်၊ မွန်ပြည်နယ်သို့ (၆၁၂၀)အိတ်၊ ဧရာဝတီတိုင်းသို့ (၄၂၀)အိတ်၊ မကွေးတိုင်းသို့ (၁၁၄၀)အိတ်၊ စုစုပေါင်းအိတ်ရေ(၁၀၄၁၇၀)၊တန်အားဖြင့် (၅၂၀၈)တန် စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)