ပြည်ကုန်စည်ဒိုင် ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      ပြည်ကုန်စည်ဒိုင်တွင် ပဲဈေးနှုန်းများ မြင့်တက်လျှက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

     စက်တင်ဘာပထမပတ်တွင် မတ်ပဲဈေးပိုတက်လာပြီး ပဲတစ်တင်းကို ၆၇၀၀၀-၆၇၅၀၀-၆၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့်သာ အရောင်း အဝယ်ဖြစ်ပြီး အရောင်းအဝယ်အနည်းငယ်အေးနေကြောင်း သိရှိရပါသည်။ ပဲတစ်တင်းဈေးမှာ ယခင် နှစ် စက်တင်ဘာလဈေးနှင့် နှိုင်းယှဉ်လျှင် ပိုမြင့်နေကြောင်း သိရှိရပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လနောက်ဆုံးပတ်မှ စ၍ ပဲစင်းငုံဈေးတက်လာပြီး စက်တင်ဘာ လပထမပတ်မှာ ပဲတစ်တင်းကို ၆၆၀၀၀-၆၆၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ဖြစ်ပါသည်။

      စက်တင်ဘာလ ပထမပတ်မှာ ကုလားပဲ(HL)တစ်တင်းကို ၆၆၀၀၀-၆၆၅၀၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၅၅၀၀-၆၆၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်နှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀/၃၅၀ခန့် အဝယ်ရှိပါသည်။ တခါတရံ နယ်စုံအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် တင်ပို့မှုရှိပါသည်။

      စက်တင်ဘာလ ပထမပတ်မှာ ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၈၀၀၀၀ကျပ် ပဲကြီး(ကမ်းနား) တစ်တင်းကို ၇၃၀၀၀-၇၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး မြို့တွင်း ပဲကြော်သမား များ အဝယ်ရှိ၍ တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တခါတရံ ရန်ကုန် အဝယ် ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀ခန့် တင်ပို့မှုရှိပါသည်။

      စက်တင်ဘာလ ပထမပတ်မှာ စားတော်ပဲ(ကျွန်း) တစ်တင်းကို ၁၂၈၀၀၀-၁၂၉၀၀၀-၁၃၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပါသည်။ တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် အဝယ်ရှိပြီး ယခင်နှစ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ်ဈေးက ပိုကောင်းကြောင်း သိရှိရပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် စက်တင်ဘာပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၃၀၀၀ကျပ်ဖြင့် မြို့တွင်းရောင်းဝယ်မှုရှိပြီး တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ်ရှိပါသည်။ တခါတရံ ရန်ကုန် အဝယ်ရှိ ပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် နိုင်ငံခြားသို့တင်ပို့သော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲမှာအရောင်းအဝယ် ပုံမှန်သာရှိပါသည်။ မြို့တွင်းရောင်းဝယ်မှုရှိသော ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲများသာ အရောင်း သွက်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)