သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများအား လစဉ်ကွင်းဆင်းစစ်ဆေးခြင်းများကို စတိုးများ၊ Shopping Mall ၊ Mart နှင့်ရပ်ကွက်ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

     သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများနှင့်ပတ်သက်၍ ၂၁-၈-၂၀၂၅ ရက်နေ့ တွင် Good Choice၊ Goody ၊Duck ၊Lotus၊ အမေထွား၊ အာရှသား အမှတ်တံဆိပ်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာနမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသော တည်ဆဲဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ Good Choice၊ Goody ၊Duck ၊Lotus၊ အမေထွား၊ အာရှသား အမှတ်တံဆိပ်တို့တွင် သက်ဆိုင်ရာ ဌာနထောက်ခံချက်များပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များ တွင်လည်း လစဉ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနထောက်ခံချက်များပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မပါရှိပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အမျိုးသားအစား အသောက်ဥပဒေနှင့်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေများဖြင်လည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)