ရေနံချောင်းမြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲကို (၈.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မရပ်ကွက်၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်က စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံနှင့် ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသောသတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးလျက်ရှိကြောင်း၊ အသိပညာပေးဆောင်ရွက်မှု ဆိုင်ရာဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ အများပြည်သူသုံးစွဲမှုများသော Social Media များ၌ လည်း အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက် အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)