
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးအလိုက် ဟောပြောဆောင်ရွက်လျက်ရှိရာ (၂၀-၈-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မဟာအောင်မြေမြို့နယ်၊အ.ထ.က (ခွဲ)(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၁၅၀)ဦးအား စားသုံးသူကာကွယ်ရေး နှင့် ပတ်သတ်သော အသိ ပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ (ဦးစီးအရာရှိ)ဒေါ်ယဉ်ရွှေက စားသုံးသူကာကွယ်ရေးနှင့်ဥပဒေပေါ်ပေါက်လာပုံ၊စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းများအား ရှင်းလင်းဟောပြောခဲ့ပြီး Comsumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းကို လက်တွေ့ခေါ်ဆို သရုပ်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မန္တလေး)