မိတ္ထီလာမြို့၊မြို့မဈေးကြီးရှိ ငါးကြင်းဈေးကွက်

Powered by Drupal

     မိတ္ထီလာမြို့၊ မြို့မဈေးတွင် ဩဂုတ်လနောက်ဆုံးပတ်၌ ငါးကြင်းဈေးကွက်မှာဈေးအနည်းငယ်မြင့်လာကြောင်းသိရသည်။ ငါးကြင်းကိုအကောင်လိုက်အပြင်ခုတ်၍လည်းကောင်း၊ ခြစ်၍လည်းကောင်း၊ အသားလွှာ၍လည်းပြုလုပ်ရောင်းချကြပါသည်။ ငါးကြင်းအကောင်လိုက် ဈေးနှုန်းမှာ တစ်ပိဿာ(၁၃၀၀၀)ကျပ်၊ ခုတ်သားမှာ(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ ငါးကြင်း အသားခြစ်မှာ (၁၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ငါးကြင်းလွှာမှာ (၂၅)ကျပ်သား(၇၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။လဆိုင်းပိုင်းနှင့် နှိုင်းယှဉ်ပါက (၁၀၀၀)ကျပ်ဈေးနှုန်း မြှင့်တက်လာပါသည်။ ငါးကန်များရေလျှံခြင်းကြောင့် မြှင့်တက်လာကြောင်းသိရသည်။ မိတ္ထီလာနှမ်းပေါ်ချိန်များတွင်စားရသော ဒေသထွက်အစားအစာ တစ်မျိုးဖြစ်သည်။  ငါးဈေးကွက်သို့ ရန်ကုန်ရှိငါးဒိုင်များမှ အများဆုံးဝင်ရောက်လာကြောင်းသိရသည်။

          မိတ္ထီလာမြို့၊ မြို့မဈေးကြီးမှာ ဥပုဿ်နေ့မှလွဲ၍ နေ့စဉ်ဖွင့်လှစ်ရောင်းချနေရာ မြို့ပေါ်ရပ်ကွက်များမှ ဈေးဝယ်သူများအပြင်မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာမြို့များမှ လာရောက်ဝယ်ယူသူများနှင့် စည်ကားလျက်ရှိပါသည်။

DOCA (မန္တလေး)