ပျော်ဘွယ်မြို့မဈေးကြီးအတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ပျော်ဘွယ်မြို့နယ် တာဝန်ခံ ဦးစန်းအောင်(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်   (၂၀.၈.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပျော်ဘွယ်မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေး ကြီးအတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းရာတွင်  ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမှရှိစေရေးနှင့် ကုန်ဈေးနှုန်း များတည်ငြိမ်စေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆန်အမျိုးအစား အလိုက်လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်များကို စစ်ဆေးခဲ့ပါသည်။ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)