
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီကို ဒေသရာသီဥတုအရ စိုက်ပျိုး လေ့မရှိကြောင်း၊ ဆောင်းသီးနှံအဖြစ်သာစိုက်ပျိုးထွက်ရှိကြောင်း သိရှိရပါသည်။ သို့သော်လည်း ဒေသ တွင်းတွင် ပန်းဂေါ်ဖီကို ၁၂ရာသီဝယ်ယူရရှိလျက်ရှိရာ ယခုကာလတွင် ဒေသတွင်းသို့ ရှမ်းပြည်နယ်၊ အောင်ပန်း၊ ကလောမှလည်းကောင်း၊ တိုင်းတွင်း ပုပ္ပါးဒေသမှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရ ပါသည်။ ပုပ္ပါးဒေသမှ ထွက်ရှိသောပန်းဂေါ်ဖီမှာ အပွင့်သေးငယ်ပြီး တစ်ပွင့်လျှင် ၅၀၀ကျပ် ရှိပြီးတောင်ပေါ်ဒေသမှ ဝင်ရောက်လျက်ရှိသော ပန်းဂေါ်ဖီမှာအပွင့်ကြီးပြီးအပွင့်ပေါ်မူတည်၍တစ်ပွင့့််င်(၁၀၀၀-၂၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)