
မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆံ ၇၅၅၀ ကျပ်နှင့်၇၆၅၀ကျပ်၊S1 ဆီဆံ ၆၈၀၀ကျပ်၊ အနီလုံးဆံ ၇၂၀၀ ကျပ်နှင့် ၇၅၀၀ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆံ ၉၃၀၀ ကျပ်၊ S1 ဆီဆံ ၈၁၀၀ ကျပ်နှင့်၈၈၀၀ကျပ်၊အနီလုံးဆံ ၈၇၀၀ကျပ်၊အနီဆီဆံ၇၈၀၀ ကျပ်နှင့် ၈၁၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ယခင်နှစ်နှင့်ယခုနှစ်ကာလတူ မြေပဲဆံပေါက်စျေးနှိုင်းယှဉ်ပါက စျေးလျော့နည်းသွား ကြောင်း သိရပါသည်။
DOCA (မန္တလေး)