
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများ (၄.၉.၂၀၂၅)ရက်နေ့က ညောင်တုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးခန်းမတွင် ဆန်ကုန်သည် အသင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၅၀)ဦးတက်ရောက်ခဲ့ကြပြီးစားသုံးသူရေးရာဦးစီး ဌာနသည် ဌာန၏မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများအပြင်စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်စက်လုပ်ငန်းရှင် များအားဆန်/စပါး ဈေးနှုန်းတည်ငြိမ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လက်ရှိအခြေ အနေတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများနှင့် တွေ့ကြုံနေရသည့်အခက်အခဲများကို ဆွေးနွေးခဲ့ကြပြီး၊ လုပ်ငန်းရှင်များအား ဆန်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ (၁.၉.၂၀၂၅) ရက်နေ့တွင် ထုတ်ပြန် သော ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊သိရှိလိုက်နာဆောင်ရွက်ရန် သတ်မှတ်သော ဈေးနှုန်းများ အတိုင်းရောင်းချရေးအတွက်လိုက်နာဆောင်ရွက်ကြရန်၊ လုပ်ငန်းရှင် များမှ သိရှိလိုသည် များနှင့်လုပ်ငန်း အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ စားသုံးသူကာ ကွယ်ရေးဥပဒေအရ ဥပဒေ၏ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၂၃)ပါ တားမြစ်ချက်ဖြစ်သည့် မည်သူမျှ စားသုံးသူ သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်မရိုး မဖြောင့်သော သဘောဖြင့် မပြုလုပ်ရန် ကာကွယ်ပေးထားသည့် အချက်(၄)ချက်အကြောင်းကို လည်းကောင်း၊ ဆန်စက်များမှ လစဉ် လဆန်းရက်များတွင် မိမိတို့ ဆန်စက်မှ ဆန်/စပါးလက်ကျန်စာရင်းများကို Update စာရင်းများ MyRoတွင် လုပ်ငန်းရှင်ကိုယ်တိုင်ရေးသွင်းဆောင်ရွက်ရန် အသိပညာပေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)